Thursday, July 16, 2020 - 08:30

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၅၁)မိနစ်၊ (၅၅)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၅၂)မိုင် ခန့်ကွာဝေးသော၊ မြန်မာနိုင်ငံ ပြည်တွင်း (ဟုမ္မလင်းမြို့၏ တောင်-အနောက်တောင်ဘက် (၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၇၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၉) ဒီဂရီ၊ အနက် (၁၇) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။