Wednesday, July 15, 2020 - 08:30

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၄၈)မိနစ်၊ (၅၃)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်ဘက် (၇၁)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဝမ်းတွင်းမြို့၏ အရှေ့တောင်ဘက် (၁၀)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၀.၉၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၁)ဒီဂရီ၊ အနက် (၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိ ပါသည်။