Sunday, June 21, 2020 - 17:15

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၄၀)မိနစ်၊ (၁၅)စက္ကန့် အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၄၇)မိုင် ခန့်ကွာဝေးသော၊ မြန်မာနိုင်ငံပြည်တွင်း (ပုလဲမြို့၏ တောင်-အရှေ့တောင်ဘက် (၄)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၈၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၉) ဒီဂရီ၊ အနက် (၇၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။