ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်  

 (၂၀၂၀ ပြည့်နှစ် မေလ (၁၇)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

 

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန်

တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်

စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေ

သော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အမ်ဖန်(AMPHAN)သည် မြောက်-

အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ

ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အမ်ဖန် (AMPHAN)သည် အိန္ဒိယနိုင်ငံ၊

ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha)၏ တောင်-အနောက် တောင်ဘက်

ရေမိုင် မိုင်(၅၃၀)ခန့်၊ ဒီဂါမြို့ (Digha)၏ တောင်-အနောက်တောင်ဘက် ရေမိုင်

(၆၁၅)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ်ပူပါရာမြို့ (Khepupara)၏ အနောက်

တောင်ဘက် ရေမိုင်(၆၇၅)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏

အနောက်တောင်ဘက် ရေမိုင် မိုင်(၄၆၀)ခန့်နှင့် ပုသိမ်မြို့(Pathein)၏ အနောက်

တောင်ဘက် ရေမိုင် (၆၀၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့်

ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။  နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။

အမြင်တာ ။                  (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်အောက်။

ရေပြင်လေ။                  တောင်(သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၁၀ - ၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)မှ (၃၅)မိုင်။          

လှိုင်းအ‌ခြေအနေ။          လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။

လှိုင်းအမြင့်။                  (၇)ပေမှ (၁၀)ပေခန့်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။  နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။

အမြင်တာ ။                  (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်အောက်။

ရေပြင်လေ။                  အရှေ့ (သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် (၁၀ - ၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)မှ (၃၅)မိုင်။

လှိုင်းအ‌ခြေအနေ။          လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။

လှိုင်းအမြင့်။                  (၇)ပေမှ (၁၀)ပေခန့်။