DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၆-၂-၂၀၂၅: ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။

 

(၁၀)ရက်ပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၁၆ခုနှစ်၊ဇူလိုင်လ ပထမ (၁၀)ရက်ပတ် မြစ်ရေအခြေအနေခန့်မှန်းချက်

(၂၈-၆-၂၀၁၆ ရက်နေ့ထုတ်ပြန်သည်)

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့တို့တွင် ၆-ပေမှ ၇-ပေခန့်၊ သပိတ်ကျင်းမြို့၊မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊                ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်  ၄-ပေမှ ၅-ပေခန့် လက်ရှိ ရေမှတ်များ၏အထက် မြင့်တက်လာနိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၇-ပေမှ ၈-ပေခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့၊မင်းကင်းမြို့၊ကနီမြို့နှင့်မုံရွာမြို့တို့တွင် ၅-ပေမှ ၆-ပေခန့် လက်ရှိရေမှတ် များ၏အထက် မြင့်တက်လာနိုင်ပါသည်။