DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၅-၁-၂၀၂၅: ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

(၁၀)ရက်ပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၁၆ခုနှစ်၊ ဇွန်လ ဒုတိယ (၁၀)ရက်ပတ် မြစ်ရေအခြေအနေခန့်မှန်းချက်

(၈-၆-၂၀၁၆ ရက်နေ့ထုတ်ပြန်သည်)

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့တို့တွင် ၆-ပေမှ ၇-ပေခန့်၊ သပိတ်ကျင်းမြို့၊မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ၄-ပေမှ ၅-ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်  ၃-ပေမှ ၄-ပေခန့် လက်ရှိရေမှတ်များ၏အထက် မြင့်တက်လာနိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၇-ပေမှ ၉-ပေခန့်၊ မော်လိုက်မြို့၊ကလေးဝမြို့၊မင်းကင်းမြို့၊ကနီမြို့နှင့်မုံရွာမြို့တို့တွင် ၆-ပေမှ ၇-ပေခန့် လက်ရှိရေမှတ် များ၏အထက် မြင့်တက်လာနိုင်ပါသည်။