Wednesday, December 25, 2019 - 11:30
ရေနည်းမည့် အခြေအနေသတင်း
(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၂၅) ရက်၊ (၁၁:၃၀)နာရီ အချိန်ထုတ်ပြန်ချက်)
ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်အရ မန္တလေးမြို့တွင် (၃၅၃)စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လာမည့် ဒီဇင်ဘာလကုန်အထိ ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၃၆၀)စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။