
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၀:၄၅ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၂၃)မိနစ်၊ (၃၂) စက္ကန့်အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၇၄)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း၊(ဟုမ္မလင်းမြို့၏ အရှေ့-အရှေ့မြောက်ဘက် (၁၈)မိုင်ခန့်အကွာ)၊ မြောက်လတ္တီ တွဒ် (၂၄.၉၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၂၁)ဒီဂရီ၊ အနက် (၉၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။