
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၀:၃၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၁၀)မိနစ်၊ (၁၉) စက္ကန့်အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ မြောက်ဘက် (၃)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း၊ (နေပြည်တော်၊ ဥတ္တရသီရိ၏ အနောက်- အနောက်တောင်ဘက် (၁)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၈၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၄)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။