
မြေငလျင်သတင်း
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၃၆)မိနစ်၊ (၂၅)စက္ကန့်အချိန်တွင် တောင်ကြီးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၄၉) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (နမ့်စန်မြို့၏ မြောက်ဘက် (၁၃)မိုင်ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၂၁.၀၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၇၃)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။