DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၁-၁၂-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်ဘက် ရေမိုင် ၅၁၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့(Visakhapatnam)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၂၃၀ မိုင်ခန့် အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပါသည်။

 

လပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၁၅ခုနှစ်၊ အောက်တိုဘာလအတွက် ခန့်မှန်းချက်

(၂၈-၉-၂၀၁၅ ရက်နေ့ထုတ်ပြန်သည်)

ဧရာဝတီမြစ်ရေသည်   ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့ တွင် (၁)ကြိမ်ခန့်၊ သံလွင်မြစ် ရေသည် ဘားအံမြို့တွင် (၁)ကြိမ်ခန့် နှင့် ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် (၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့   ကျော်လွန်ရောက်ရှိနိုင်ပါသည်။