Sunday, July 7, 2019 - 14:00

မြေငလျင်သတင်း
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃)နာရီ၊ (၂၄)မိနစ်၊ (၀၃)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၈၄)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ( မြန်မာ့ပင်လယ်ပြင်၊ ကိုကိုးကျွန်း၏ အရှေ့မြောက်ဘက် (၈၂)မိုင် ခန့်အကွာ) မြောက်လတ္တီ တွဒ် (၁၄.၈၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၇) ဒီဂရီ၊ အနက် (၇၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄.၆)အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။