၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ဒုတိယ (၁၀)ရက်ပတ် မြစ်ရေအခြေအနေခန့်မှန်းချက်
(၈-၉-၂၀၁၅ ရက်နေ့ထုတ်ပြန်သည်)
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ကသာမြို့တို့တွင် (၄)ပေမှ (၅) ပေခန့်၊ မန္တလေးမြို့၊့ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့ ၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့တို့တွင်(၂)ပေမှ(၃)ပေခန့်နှင့် အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁)ပေမှ(၂)ပေခန့် လက်ရှိရေမှတ်များ၏အထက် မြင့်တက်လာနိုင်ပါသည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် (၄)ပေမှ (၅)ပေခန့်နှင့် မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့ နှင့် မုံရွာမြို့တို့တွင် (၅)ပေမှ(၇)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းနိုင်ပါသည်။
- ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ပထမ(၁၀)ရက်ပတ် မြစ်ေရအခြေအနေခန့်မှန်းချက်