DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃၀-၁၁-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ဖန်ဂယ်လ်”(FENGAL) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်- အနောက်တောင်ဘက် ရေမိုင် ၆၉၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့တောင်ဘက် ရေမိုင် ၁၁၅ မိုင်ခန့်နှင့် ပူဒူချယ်ရီမြို့(Puducherry)၏ အရှေ့ဘက် ရေမိုင် ၁၁၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၅/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန်(၂၃:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
========================================================

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းတင်းအခြေအနေ
--------------------------------------------------------------------------------------------

(က) ယနေ့မြန်မာစံတော်ချိန် (၂၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) "ဖန်နီ"(FANI)သည် အနောက်-အနောက်မြောက်ဘက် သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း (Extremely Severe Cyclonic Storm) "ဖန်နီ"(FANI) အဖြစ်သို့ရောက်ရှိခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့-အရှေ့မြောက်ဘက် မိုင် (၂၆၀)ခန့်၊ မာချီလီ ပတ္တနမ်မြို့(Machilipatnam)၏ အရှေ့တောင်ဘက် မိုင်(၂၇၀)ခန့်၊ ဗီဇာကာပတ္တနမ်မြို့ (Vishakhapatnam)၏ တောင်-အရှေ့တောင်ဘက် (၂၇၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း"ဖန်နီ" (FANI)သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

(ခ) အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)၏ လက်ရှိအခြေအနေ မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
--------------------------------------------------------------------------------------------------------------------------

(က) အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)သည် မြန်မာစံတော်ချိန် (၂၂:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၃.၃)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၄.၇)ဒီဂရီ တွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၆၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၀၀)နှုန်း ဖြစ်ပါသည်။

နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်
----------------------------------------

(က) အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ"(FANI)သည် အနောက် မြောက်ဘက်သို့ ရွေ့လျားပြီး၊ နောက်(၃၆)နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ ကွေ့ကာ၊ အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေဆီသို့ ဦးတည်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်
-------------------------
(က) အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)၏အရှိန်ကြောင့် ယနေ့ညမှ နောက်(၇၂)နာရီအတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုး ထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

(ခ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်
---------------

(က) အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)၏အရှိန် ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။