နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့၊ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်းက
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်နှင့်
ရခိုင်ပြည်နယ်တို့တွင်တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်အများအားဖြင့်
သာယာခဲ့ပါသည်။ညအပူချိန်များမှာတစ်ပြည်လုံးမှာဇန်နဝါရီလ၏ပျှမ်းမျှအပူချိန်ခန့်ရှိခဲ့ပါသည်။ထူခြားသည့်
ညအပူချိန်များမှာပင်လောင်းမြို့ နှင့်ဟားခါးမြို့ တို့တွင်(၂)ဒီဂရီစင်တီဂရိတ်စီ၊လွိုင်လင်မြို့တွင်(၃)ဒီဂရီစင်တီဂရိတ်၊
နမ့်စန်မြို့ ၊ဟဲဟိုးမြိုု့နှင့် ပြင်ဦးလွင်မြို့တို့တွင်(၄)ဒီဂရီစင်တီဂရိတ်စီတို့ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့်သာယာနေပြီး၊
ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါသည်။
မနက်ဖြန်ညနေထိခန့်မှန်းချက်။ကချင်ပြည်နယ်တွင်နေရာကွက်ကျားမိုးအနည်းငယ်ရွာနိုင်ပြီး၊စစ်ကိုင်းတိုင်း
ဒေသကြီးအထက်ပိုင်းနှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းကာ၊ကျန်တိုင်းဒေသကြီး
နှင့်ပြည်နယ်တို့တွင်အများအားဖြင့်သာယာမည်။ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအမြောက်ပိုင်းစွန်းဒေသများတွင်နေရာကွက်ကျားမိုး
အနည်းငယ်ရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခ န့်မှန်းချက်။ အများအားဖြင့်သာယာမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။သာယာမည်။