DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၀၄-၁၂-၂၀၂၄:  ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

Earthquake News

မြေငလျင်သတင်းထုတ်ပြန်ချက်

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၂)နာရီ၊ (၄၂)မိနစ်၊ (၅၅)စက္ကန့် အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ အနောက်မြောက်ဘက်  (၅၂)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း  (ပေါက်မြို့ ၏ မြောက်-အနောက်မြောက်ဘက် (၂၄)မိုင်ခန့်အကွာ)  မြောက်လတ္တီတွဒ် (၂၁.၇၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၁) ဒီဂရီ၊ အနက် (၂၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။