Wednesday, October 10, 2018 - 17:45
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၅၈)မိနစ်၊ (၀၅)စက္ကန့် အချိန်တွင် တောင်ငူမြေငလျင်စခန်းမှ အနောက်ဘက် (၅၈)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပေါက်ခေါင်းမြို့၏ မြောက်ဘက်(၆)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၈.၉၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၅၅) ဒီဂရီ၊ အနက်(၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။