DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၀-၁-၂၀၂၅: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၅ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။   လွန်ခဲ့သော(၂၄)နာရီအတွင်းက

စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် 

မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ မကွေးတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်နှင့်

ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးရွာခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး၊

ဧရာဝတီတိုင်းဒေသကြီး၊  တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်

မွန်ပြည်နယ်တို့တွင် ဒေသအလိုက်၊ မကွေးတိုင်းဒေသကြီး၊ ကချြင်ပည်နယ်နှင့် ချင်းပြည်နယ်

တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ စစ်တွေမြို့တွင်

(၁၄.၈၄)လက်မ၊ ကျောက်ဖြူမြို့တွင် (၁၃.၉၈)လက်မ၊ မောင်တောမြို့တွင် (၁၃.၂၃)လက်မ၊

အမ်းမြို့တွင် (၁၂.၈၇)လက်မ၊ တောင်ကုတ်မြို့တွင် (၉.၃၃)လက်မ၊ ဂွမြို့တွင် (၈.၈၆) လက်မ၊

မာန်အောင်မြို့တွင် (၈.၆၂)လက်မ၊ ‌လောင်းလုံးမြို့တွင် (၇.၅၁)လက်မ၊ မြောက်ဦးမြို့တွင်

(၇.၄၄)လက်မ၊ ဟင်္သာတမြို့တွင် (၇.၃၆) လက်မ၊ သံတောင်ကြီးမြို့တွင် (၇.၂၀)လက်မ၊

ကျောက်တော်မြို့တွင် (၆.၆၉)လက်မ၊ သံတွဲမြို့တွင် (၆.၅၄)လက်မ၊ ဖျာပုံမြို့တွင် (၆.၄၉)လက်မ၊

မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့တို့တွင် (၆.၄၅)လက်မစီ၊ ငါးသိုင်းချောင်းမြို့တွင် (၆.၀၆)လက်မ၊

ကျိုက်မရောမြို့တွင် (၅.၉၈)လက်မ၊ ပေါင်မြို့တွင် (၅.၉၁)လက်မ၊ မုဒုံမြို့တွင် (၅.၄၃)လက်မ၊

ကျိုက္ခမီမြို့တွင် (၅.၃၅)လက်မ၊ ကြာအင်းဆိပ်ကြီးမြို့တွင် (၅.၃၂)လက်မ၊ ရေးမြို့ တွင် (၅.၂၄)လက်မ၊

ဇလွန်မြို့တွင်(၅.၀၀)လက်မ၊ ကော့ကရိတ်မြို့တွင်(၄.၇၂)လက်မ၊ သာယာဝတီမြို့တွင်(၄.၃၃)လက်မ၊

ပလက်ဝမြို့ တွင်(၄.၂၁)လက်မ၊ မြိတ်မြို့တွင် (၄.၁၄)လက်မ၊ ပုသိမ်မြို့တွင်(၄.၀၅)လက်မနှင့်

ထားဝယ်မြို့တွင်(၄.၀၁)လက်မတို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။   ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်

မုတ်သုံလေ အားအလွန်ကောင်းနေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် နေရာကျဲကျဲ၊

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊

ရှမ်းပြည်နယ်နှင့် ကယားွပည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်

နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊

တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့်

မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍

မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ

မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီး မည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည်

တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။    မုတ်သုံလေ ဆက်လက်အားကောင်းနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။    မိုးအသင့်အတင့် ရွာမည်။

ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။    မိုးအသင့်အတင့် ရွာမည်။

ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။    မိုးတစ်ကြိမ်၊ နှစ်ကြိမ် ရွာမည်။

ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

လာမည့်စနေ၊ တနင်္ဂနွေအားလပ်ရက်များအတွက် မိုးလေဝသခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီးတွင်

နေရာအနှံ့အပြားနှင့် မန္တလေးတိုင်း ဒေသကြီးတွင် နေရာစိပ်စိပ် မိုးရွာမည်။