မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ ဇွန်လ (၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၄၅)မိနစ်၊ (၅၄)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်ဘက် (၂၁)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မြစ်ကြီးနားမြိ့ု၏ အနောက်မြောက်ဘက် (၁၉)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၅.၅၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၁၄ ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။