DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၃-၁၂-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း(အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းလွန် - တမီးလ်နာဒူးမြောက်ပိုင်းကမ်းခြေ)တို့တွင် ဖြစ်ပေါ် နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ၂၄-၁၂-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း(အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေအနီး)သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

အပူလှိုင်း (Heat wave)

အပူလှိုင်း (Heat wave)

မြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်းရပ်ဝန်းဒေသတွင်ဧပြီ၊မေလများ၌အဖြစ်များပါသည်။တစ်ခါတစ်ရံ

အိန္ဒိယနိုင်ငံတွင်ဖြစ်ပေါ်တတ်လေ့ရှိသည့်ကာလကြာရှည်သည့်အပူလှိုင်း၏သက်ရောက်မှုကြောင့်

လည်းမြန်မာနိုင်ငံအနောက်ပိုင်းဒေသများတွင်ဖြစ်ပေါ်တတ်လေ့ရှိပါသည်။အထူးသဖြင့်ရာသီဥတု

ဖောက်ပြန်တတ်သည့်အားကောင်းသောအယ်နီညိုနှစ်များ၊အင်ဆိုနှစ်များတွင်ပို၍အဖြစ်များတတ်ကာ

၁၉၉၈ခုနှစ်မေလအတွင်းဖြစ်ပေါ်ခဲ့သောအပူချိန်စံချိန်တင်မြင့်တက်ခဲ့မှုများသည်မြန်မာနိုင်ငံအလယ်

ပိုင်းဒေသများမြေလတ်ပိုင်းဒေသများနှင့်မြစ်ဝကျွန်းပေါ်ဒေသများတွင်အပူချိန်မြင့်တက်မှုများဖြစ်ပေါ်ခဲ့

ပါသည်။အပူလှိုင်းများ၏သက်ရောက်မှုကြောင့်ကျန်းမာရေးကဏ္ဍ၊ရေသယံဇာတစီမံခန့်ခွဲမှုကဏ္ဍ၊

စိုက်ပျိုးရေးနှင့်သီးနှံထုတ်လုပ်မှုကဏ္ဍများတွင်ထိခိုက်မှုရှိနိုင်၍အများပြည်သူအားကြိုတင်ကာကွယ်ရန်

နည်းလမ်းများ၊သတင်းသတိပေးချက်များ၊အသိပညာပေးခြင်းများဆောင်ရွက်ရမည်ဖြစ်ပြီး၊သက်ဆိုင်ရာ

အဖွဲ့အစည်းများမှလည်းရာသီဥတုခန့်မှန်းချက်များကိုအသုံးချ၍ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းများပြုလုပ်

သင့်ပါသည်။