နေ့စဉ်ဇလဗေဒခန့်မှန်းချက်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
နေ့စဉ်မြစ်ရေခန့်မှန်းချက်
၂၈-၉-၂၀၂၆ ရက်နေ့ ၁၄:၀၀ နာရီအချိန်ထုတ်ပြန်ချက်


၂၉-၉-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံ၊ ရေနံချောင်းမြို့နှင့် ကျောက်ပန်းတောင်းမြို့တို့အကြားမှ ဖြတ်ကျော်ခဲ့သော ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ညောင်ဦးမြို့၏ အနောက်ဘက်မှ ဆက်လက် ဖြတ်ကျော်လျက်ရှိပါသည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ညောင်ဦးမြို့ (Nyaung-U) ၏ အနောက်ဘက် ၁၅ မိုင်ခန့်၊ ပေါက်မြို့(Pauk)၏ အရှေ့တောင်ဘက် မိုင် ၂၀ ခန့်နှင့် မုံရွာမြို့ (Monywa) ၏ တောင်-အနောက်တောင်ဘက် မိုင် ၇၀ ခန့်အကွာကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့် အတင့်မှ အားကောင်းနေပါသည်။ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်း နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
နေ့စဉ်မြစ်ရေခန့်မှန်းချက်
၂၈-၉-၂၀၂၆ ရက်နေ့ ၁၄:၀၀ နာရီအချိန်ထုတ်ပြန်ချက်

