မြေငလျင်သတင်း

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၀၀း၅၀ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၂၆)မိနစ်၊ (၁၈) စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၇၇) မိုင်ခန့် ကွာဝေး သော မြန်မာနိုင်ငံပြည်တွင်း (တနိုင်းမြို့၏ အနောက်ဘက် (၃) မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၆.၃၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၆၇ဒီဂရီ၊ အနက် (၁၀၀) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၄.၀ (M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။