အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေသတင်း

အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေသတင်း

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန် ထုတ်ပြန်ချက်

(က)    ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဩရိဿပြည်နယ်မြောက်ပိုင်း- ဂျက်ခမ်းပြည်နယ် တို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည်  ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၄၈ နာရီအတွင်း အနောက် - အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် မြောက်ပိုင်းနှင့် ဂျက်ခမ်းပြည်နယ်ကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ခ)       ယခုသတင်းသည် အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါကြောင်း ပေးပို့အပ်ပါသည်။