DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၆-၃-၂၀၂၅: ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊  ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

မြေငလျင်သတင်း

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၀၄း၄၅ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၄) နာရီ၊ (၃၆) မိနစ်၊ (၄၇) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၃၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ညောင်တုန်းမြို့၏ အရှေ့တောင်ဘက် (၆) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆.၉၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၆) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။