DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၈-၄-၂၀၂၅:  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

လေဖိအားနည်းရပ်ဝန်းအခြေအနေ

လေဖိအားနည်းရပ်ဝန်းအခြေအနေ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန် ထုတ်ပြန်ချက်

“ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်း လာနိုင်ပြီး၊ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ နောက် ၂ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု  ခန့်မှန်းရပါသည်၊၊”