DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၁၁-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression) သည် မြောက်ယွန်းယွန်းသို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်တောင်ဘက် ရေမိုင် ၇၄၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၃၅၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အလယ်ပိုင်း တို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် တိမ် အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

(၁၀)ရက်ပတ်မြစ်ရေခန့်မှန်းချက်

၂၀၁၅ ခုနှစ်၊ဧပြီလ တတိယ (၁၀) ရက်ပတ် မြစ်ရေအခြေအနေခန့်မှန်းချက်

(၁၈-၄-၂၀၁၅ ရက်နေ့ထုတ်ပြန်သည်)

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ကသာမြို့တို့တွင်(၂)ပေမှ (၂)ပေခွဲခန့်၊ မန္တလေးမြို့၊့ စစ်ကိုင်းမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့ နှင့် မကွေးမြို့ တို့တွင် (၁)ပေမှ (၁)ပေခွဲခန့်၊ လက်ရှှိ‌ရေမှတ်များ၏ အထက်မြင့်တက်လာနိုင်ပြီး၊ အောင်လံမြို့၊ ပြည်မြို့၊  ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်  (၁)‌ပေမှ(၁)ပေခွဲခန့် လက်ရှှိ‌ရေမှတ်များ၏ အောက် ကျဆင်းနိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင်(၁)ပေမှ (၁)ပေခွဲခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်ခန့်လက်ရှိရေမှတ်များ‌၏ အထက်မြင့်တက်လာ နိုင်ပါသည်။