DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃၀-၁၀-၂၀၂၄:   ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

ဆိုင်ကလုန်းမုန်တိုင်း“ဒါနာ”(DANA)သတင်း အမှတ်စဉ်(၁၃/၂၀၂၄)

ဆိုင်ကလုန်းမုန်တိုင်း“ဒါနာ”(DANA)သတင်း အမှတ်စဉ်(၁၃/၂၀၂၄)

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန် ထုတ်ပြန်ချက်

၁။      ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ကို ပူရီမြို့(Puri)နှင့် ဆာဂါကျွန်း(Sagar Island) တို့အကြား ဒမ်မရာမြို့(Dhamara)အနီးမှ ဖြတ်ကျော်ခဲ့သော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဒါနာ”(DANA)သည် မြောက်-အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် ကုန်းတွင်းပိုင်းဒေသများသို့ရောက်ရှိခဲ့ကာ၊ ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ”(DANA)အဖြစ်သို့ အားလျော့ သွားခဲ့ပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း“ဒါနာ”(DANA)သည် အနောက်မြောက်ဘက်သို့ရွေ့လျား နိုင်ပြီး၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကုန်းတွင်းပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်နိုင်ကာ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါ သည်။”

၂။       ယခုသတင်းသည် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း“ဒါနာ”(DANA)အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။