ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
(၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီ ပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေ၀သအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ။ ၃ မိုင်၊ မိုးရွာစဉ် ၁ မိုင်အောက်။
ရေပြင်လေ။ တောင် (သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင် မှ မိုင် ၄၀။
လှိုင်းအခြေအနေ။ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ ၈ ပေမှ ၁၀ ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေ၀သအခြေအနေ။ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ မြောက် (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ ၅ ပေမှ ၇ ပေခန့်။













