၂၆-၁၀-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် အနောက်ဘက်သို့ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းသို့ ရောက်ရှိခဲ့ကာ ပိုမိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “အာနာဘ်” (ARNAB)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်း“အာနာဘ်”သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၇၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၅၀ မိုင်ခန့်နှင့် ကာကီနာဒါမြို့(Kakinada)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၉၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
==================================
(၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ( ၁၇ )ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)
===============================================
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်
တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင်
အများအားဖြင့် သာယာနေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
=================================================
မိုးလေဝသအခြေအနေ။ နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ပါသည်။
အမြင်တာ ။ (၅)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။
ရေပြင်လေ။ အရှေ့(သို့)အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၀- ၁၅)မိုင်၊ တစ်ခါတစ်ရံ (၃၀) မိုင်။
လှိုင်းအခြေအနေ။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ (၃)ပေမှ (၅)ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
================================================
မိုးလေဝသအခြေအနေ။ အများအားဖြင့် သာယာမည်။
အမြင်တာ ။ (၅)မိုင်။
ရေပြင်လေ။ မြောက်(သို့)အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၅- ၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅) မိုင် ။
လှိုင်းအခြေအနေ။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ (၃)ပေမှ (၅)ပေခန့်။













