ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

(၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းရာမှ အား အလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။

ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ်(SOULIK)” အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ်(SOULIK)” သည် အနောက်- အနောက်တောင်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ယနေ့ ညပိုင်းတွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကို ဖြတ်ကျော်နိုင်ကာ၊ ၂၀-၉-၂၀၂၄  ရက်နေ့တွင် အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ် (SOULIK)” ၏ အကြွင်းအကျန် တိမ်တိုက်များနှင့် လေပွေလှိုင်းသည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသများသို့စတင် ဖြတ်ကျော်ပြီးနောက်၊ အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပြန်လည် အစပျိုး အားကောင်းလာနိုင်ပါသည်။

 

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။       နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အမြင်တာ။                      ၃ မိုင်၊ မိုးရွာစဉ်  မိုင်ဝက်ခန့်။

ရေပြင်လေ။                     အနောက် (သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင်မှ မိုင် ၄၀ ။          

လှိုင်းအ‌ခြေအနေ။              လှိုင်းကြီးနိုင်ပါသည်။

လှိုင်းအမြင့်။                     ပေမှ ၁၀ ပေခန့်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။       နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။

 အမြင်တာ။                     ၄ မိုင်၊ မိုးရွာစဉ်  ၁ မိုင်ခန့်။

ရေပြင်လေ။                     အနောက် (သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀ မိုင်၊ တစ်ခါတစ်ရံ  ၂၅ မိုင်။

လှိုင်းအ‌ခြေအနေ။              လှိုင်းအသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။                     ပေမှပေခန့်။