လေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ မြန်မာစံတော်ချိန် (၁၉:၀၀)နာရီအချိန်တွင် ထုတ်ပြန်သည့် လေဖိအားနည်းရပ်ဝန်းအခြေအနေ
“ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်-ဩရိဿတောင်ပိုင်းကမ်းခြေ) တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိ နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင် ပြီး၊ နောက် (၇၂)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ-ဩရိဿပြည်နယ်မြောက်ပိုင်း ကမ်းခြေတို့တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်း ရပါသည်။”