၉.၉.၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်း - အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် ပြည်နယ်မြောက်ပိုင်း - ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေတို့တွင် ၁၁-၉-၂၀၂၆ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမြစ်ရေအခြေအနေခန့်မှန်းချက်
(၂၈-၁၀-၂၀၁၇ ရက်နေ့ ထုတ်ပြန်သည်)
ဧရာဝတီမြစ်ရေသည် နိုဝင်ဘာလအတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် ၄-ပေမှ ၅-ပေခန့်နှင့် ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့ နှင့် ဇလွန်မြို့တို့တွင် ၅-ပေမှ ၇-ပေခန့် ကျဆင်းနိုင်ပါသည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို၊ ဖောင်းပြင်မြို့နှင့် မော်လိုက်မြို့တို့တွင် ၄-ပေမှ ၆-ပေခန့်၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၆-ပေမှ ၇-ပေ ခန့် ကျဆင်း နိုင်ပါသည်။













