DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃၀-၇-၂၀၂၅: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင်  မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။

 

မြေငလျင်သတင်း

မြေငလျင်သတင်း

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀) နာရီ၊ (၂၅) မိနစ်၊ (၂၂) စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ မြောက်ဘက် (၂၇) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (ဖလမ်းမြို့၏ မြောက်-အနောက်မြောက်ဘက် (၈) မိုင်ခန့်ကွာ) မြောက်လတ္တီတွဒ် (၂၃.၀၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၆၅) ဒီဂရီ၊ အနက် (၉၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။