၂၂-၁၀-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ(တမီးလ်နာဒူးကမ်းခြေ)၊ သီရိလင်္ကာ နိုင်ငံမြောက်ပိုင်းနှင့် မန်နာပင်လယ်ကွေ့တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် ကိုမိုရင်းဧရိယာ(အိန္ဒိယနိုင်ငံတောင်ပိုင်းစွန်း- ကိုမိုရင်းအငူ)နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ (တမီးလ်နာဒူးတောင်ပိုင်းကမ်းခြေ)နှင့် ကာရာလမ်တို့သို့ ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် မှ တိမ်ထူထပ်နေပါသည်။
လေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့ မြန်မာစံတော်ချိန် (၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်
"ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့်
ယင်းနှင့် ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအား
နည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ
လဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ နောက်(၁၂)နာရီအတွင်း
ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိလာနိုင်သည်ဟုခန့်မှန်းရပါသည်။"













