၂၄.၈.၂၀၂၆ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဂျက်ခမ်းပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းတို့ကို ဖြတ်ကျော် လျက်ရှိသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း သည် နောက် ၂၄ နာရီအတွင်း အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ ဂျက်ခမ်းပြည်နယ်နှင့် ဩရိဿပြည်နယ် မြောက်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့တွင် မုတ်သုံလေ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
၂၀၁၈ ခုနှစ်၊ မေလမြစ်ရေအခြေအနေခန့်မှန်းချက်
(၂၈-၄-၂၀၁၈ ရက်နေ့ ထုတ်ပြန်သည်)
၂၀၁၈ ခုနှစ် မေလအတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ၈-ပေမှ ၁၀-ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ၆-ပေမှ ၈-ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၄-ပေမှ ၆-ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်နိုင်ဖွယ်မရှိပါ။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၆-ပေမှ ၈-ပေခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၄-ပေမှ ၆-ပေခန့် လက်ရှိ ရေမှတ်များ၏အထက် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်နိုင်ဖွယ်မရှိပါ။
မြစ်သာမြစ်ရေသည် ပြင်သာတွင် ၃-ပေမှ ၄-ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ၂-ပေမှ ၃-ပေခန့်နှင့် ရွှေစာရံမြို့နှင့် မြစ်ငယ်မြို့တို့တွင် ၄-ပေမှ ၆-ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့ နှင့် မဒေါက်မြို့တို့တွင် ၂-ပေမှ ၄-ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၁-ပေမှ ၂-ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူနှင့် ပဲခူးမြို့တို့တွင် ၄-ပေမှ ၆-ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၃-ပေမှ ၅-ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ၂-ပေမှ ၄-ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ၂-ပေမှ ၃-ပေခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြိုတွင် ၃-ပေမှ ၅-ပေခန့်နှင့် ကျောက်တော်မြို့တွင် ၂-ပေမှ ၃-ပေခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် ၂-ပေမှ ၃-ပေခန့် လက်ရှိရေမှတ်များ၏အထက် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်နိုင်ဖွယ်မရှိပါ။













