၂၀၂၆ ခုနှစ်၊ မိုးနှောင်းကာလအတွက် မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၂၆ ခုနှစ်၊ မိုးနှောင်းကာလ ယေဘုယျ မြစ်ရေအခြေအနေခန့်မှန်းချက်

(၂၈-၈-၂၀၂ ရက်နေ့ ထုတ်ပြန်သည်)

          မိုးနှောင်းကာလစက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့၊ ညောင်ဦးမြို့ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် () ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် (၁) ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၁) ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် (၁) ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် () ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၁) ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် () ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် () ကြိမ်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့နှင့် သာပေါင်းမြို့တို့တွင် (၁) ကြိမ်ခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁) ကြိမ်ခန့် နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၁) ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။