မြစ်ရေကြီးခြင်းသတိပေးချက်
ရေကြီးခြင်းသတိပေးချက်
(၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်၊ ၀၈:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မင်းဘူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၂၂ စင်တီမီတာအလိုတွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေ သည် နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။
ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မကွေးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၃၅ စင်တီမီတာအလိုတွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။
ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ပြည်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၂၈ စင်တီမီတာအလိုတွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက် ၃၆ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။
ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၂၉ စင်တီမီတာအလိုတွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက် ၂ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။
သို့ဖြစ်ပါ၍ မင်းဘူးမြို့နယ်၊ မကွေးမြို့နယ်၊ ပြည်မြို့နယ်နှင့် ငါးသိုင်းချောင်းမြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် မြစ်ရေမြင့်တက် လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။













