နေ့စဉ်မိုးလေဝသသတင်း
နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
(၀၉:၃၀)ယနေ့နံနက်နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ
အတွင်းက စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်
တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအား
ဖြင့် သာယာခဲ့ပါသည်။ ညအပူချိန်များမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊
ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂)ဒီဂရီ
စင်တီဂရိတ် လျော့နည်း ခဲ့ပြီး၊ နေပြည်တော်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ထက် (၂)
ဒီဂရီစင်တီဂရိတ် ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှ
အပူချိန်ခန့်သာရှိခဲ့ပါသည်။ ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် (၁)ဒီဂရီစင်တီ
ဂရိတ်၊ ဟဲဟိုးမြို့တွင် (၃)ဒီဂရီစင်တီဂရိတ်၊ ပင်လောင်းမြို့တွင် (၄)ဒီဂရီစင်တီဂရိတ်၊ လွိုင်
လင်မြို့၊ မိုင်းယန်းမြို့နှင့် မင်းတပ်မြို့ တို့တွင် (၅)ဒီဂရီစင်တီဂရိတ်စီနှင့် ကျောက်မဲမြို့၊
နမ့်စန်မြို့၊ တီးတိန်မြို့၊ ပြင်ဦးလွင်မြို့နှင့် မိုးကုတ်မြို့တို့တွင် (၆)ဒီဂရီစင်တီ ဂရိတ်စီတို့
ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်
တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင်
တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုး
အနည်းငယ် ရွာနိုင်ပါသည်။ ရွာရန် ရာနှုန်း(၆၀) ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး
အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် တိမ်
အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့်
သာယာမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်
းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် (၅)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တစ်ပြည်လုံးတွင် အများအားဖြင့် သာယာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။













