နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၄)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အ­­­ကျဉ်းချုပ် လွန်ခဲ့သော(၂၄)နာရီအတွင်းက

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား

မိုးထစ်ချုန်းရွာခဲ့ပြီး၊ ရခိုင်ပြည်နယ်တွင် ဒေသအလိုက်နှင့် စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်း

ဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍  မိုးကြီးခဲ့ပါသည်။  မှတ်သားဖွယ်ရာ မိုးရေချိန် များမှာ

ခန္တီးမြို့တွင် (၄.၉၃)လက်မ၊ သံတွဲမြို့တွင် (၃.၂၇)လက်မ၊ မြစ်ကြီးနားမြို့တွင် (၃.၂၃)လက်မ၊ အမ်းမြို့တွင်

(၃.၁၁)လက်မ၊ ပလက်ဝ မြို့တွင် (၂.၉၁)လက်မ၊ ကျောက်ဖြူမြို့တွင် (၂.၈၇)လက်မ၊ စစ်တွေမြို့နှင့် ဘီးလင်းမြို့

တို့တွင် (၂.၈၃)လက်မစီ၊ မတူပီမြို့တွင် (၂.၈၀)လက်မ၊ မော်လမြိုင်မြို့တွင် (၂.၂၈)လက်မ၊ ဘားအံ(စိုက်ပျိုးရေး

မိုးလေဝသ)တွင် (၂.၂၄)လက်မ၊ ရေးမြို့တွင် (၂.၂၁)လက်မ၊ တမူးမြို့တွင် (၂.၁၇)လက်မ၊ ကျိုက်မရောမြို့တွင်

(၂.၀၉)လက်မ၊ မော်လိုက်မြို့တွင် (၁.၉၇)လက်မ၊  မြိတ်မြို့တွင် (၁.၈၉)လက်မ၊ ကလေးမြို့တွင် (၁.၆၉)လက်မ၊

ကလေးဝ မြိုတွင် (၁.၆၆)လက်မနှင့် ဂန့်ဂေါမြို့နှင့် တောင်ကုတ်မြို့တို့တွင် (၁.၆၁)လက်မစီတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အား

ကောင်းရာမှ အားအလွန် ကောင်းနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်  တစ်ပြည်လုံးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်တွင်

ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်

တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။  ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေ

ပြင်းများကျရောက်ပြီး လှိုင်း ကြီးမည်။ မိုးသက်လေပြင်းကျဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)

အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်

(၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။

နောက်()ရက်အတွက်ခန့်မှန်းချက် မုတ်သုံလေ ဆက်လက်အားကောင်းနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်  မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာ

မည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက် မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။

ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်   မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာ

မည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

လာမည့်စနေ၊ တနင်္ဂနွေအားလပ်ရက်များအတွက် မိုးလေဝသခန့်မှန်းချက် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသ

ကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။