မြစ်ရေကြီးခြင်းသတိပေးချက်

ရေကြီးခြင်းသတိပေးချက်

(၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်၊ ၀၈:၀၀ နာရီအချိန် ထုတ်ပြန်ချက်)  

     ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ပခုက္ကူ မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်

 ပေဝက်ခန့်အလိုတွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေ သည် နောက် ၁၂ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်

ရောက်ရှိနိုင်ပါသည်။

   သို့ဖြစ်ပါ၍ ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် မြစ်ရေမြင့်တက်

လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်အပ် ပါသည်။