မြစ်ရေကြီးခြင်းသတိပေးချက်

ရေကြီးခြင်းသတိပေးချက် 

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်၊ ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)  

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဟင်္သာတ မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်  ပေဝက်ကျော်အလိုတွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေ သည် နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ (လွယ်တော်ခမ်းကျေးရွာ)တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်  ပေဝက်ကျော်အလို တွင် ရောက်ရှိနေပါသည်။ အဆိုပါချောင်းရေသည် နောက် ၆ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။

          သို့ဖြစ်ပါ၍ ဟင်္သာတမြို့နယ်နှင့် တာချီလိတ်မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့် ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှား နိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။