၂၈-၇-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဟယ်လ်ဒီယာမြို့ (Haldia) ၏ အနောက်ဘက်နှင့် ဒစ်ဂါမြို့ (Digha) ၏ အရှေ့ဘက်ကမ်းခြေဒေသတို့အကြားမှ ဖြတ်ကျော်ခဲ့သော မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဩရိဿပြည်နယ်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး အိန္ဒိယ နိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း၊ ဂျက်ခမ်းပြည်နယ်တောင်ပိုင်းနှင့် ချက်တစ်ဂတ်ပြည်နယ်မြောက်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်ကာ တဖြည်းဖြည်း အားလျော့ သွားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
Earthquake News
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၆း၃၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ မြန်မာစံတော်ချိန် (၁၅)နာရီ (၄၈)မိနစ် (၂၀)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက် မိုင်(၃၅၀)ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပူတာအိုမြို့၏ အနောက်တောင်ဘက်မိုင် (၇၀) ခန့်အကွာ) ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်၇ှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၂၀း၃၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ မြန်မာစံတော်ချိန် (၂၀)နာရီ (၀၄)မိနစ် (၄၆)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၂၀၅)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုးညှင်းမြို့၏ အရှေ့မြောက်ဘက်မိုင် (၂၀) ခန့်အကွာ) ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်၇ှားသွားကြောင်း တိုင်းထွာရရှိပါသည်။
(မြန်မာစံတော်ချိန် ၁၀း၃၀ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၄ ခုနှစ်၊ မေလ (၁၇)ရက်နေ့ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၄၇)မိနစ်၊ (၁၅)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်ဘက် မိုင်(၁၅၀) ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပျဉ်မနားမြို့၏ အရှေ့မြောက်ဘက် (၁၀)မိုင် ခန့်အကွာ) ကိုဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး(၃.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။













