၂၂-၉-၂၀၂၆:ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် အနောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့(Kyaukpyu) ၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၆၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam)၏ အရှေ့ဘက် ရေမိုင် ၁၃၀ မိုင်ခန့်နှင့် ဂိုလ်ပါပူမြို့ (Gopalpur)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
Earthquake News
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၇ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့ မြန်မာစံတော်ချိန် (၂၁)နာရီ (၃၄)မိနစ် (၅၅)စက္ကန့်အချိန်တွင် ကမ္ဘာအေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် (၃၅၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region) ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၇ း၃၀ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၇ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ မြန်မာစံတော်ချိန် (၁၇)နာရီ (၀၅)မိနစ် (၁၆)စက္ကန့်အချိန်တွင် ကမ္ဘာအေး မြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တွံတေးမြိ့ု၏ အရှေ့မြောက်ဘက် (၄) မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၂၃း၃၀ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၇ ခုနှစ်၊ မတ်လ (၁၄)ရက်နေ့ မြန်မာစံတော်ချိန် (၂၃)နာရီ (၀၉)မိနစ် (၅၆)စက္ကန့် အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ မြောက်ဘက် မိုင် (၃၇၀) ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Myanmar-India Boder Region)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၂)အဆင့်ရှိ အင်အား အနည်းငယ်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၇ ခုနစ်၊ မတ်လ(၁၃)ရက်နေ့ မြန်မာစံတော်ချိန် (၂၂)နာရီ (၁၉)မိနစ် (၀၄)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၈) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တိုက်ကြီးမြိ့ု၏ အရှေ့တောင်ဘက် (၇) မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၇ ခုနစ်၊ မတ်လ(၁၃)ရက်နေ့ မြန်မာစံတော်ချိန် (၂၀)နာရီ (၄၉)မိနစ် (၀၆)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၂၂) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တိုက်ကြီးမြိ့ု၏ အနောက်-အနောက်တောင်ဘက် (၅) မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၈) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၇ ခုနှစ်၊ မတ်လ (၄)ရက်နေ့ မြန်မာစံတော်ချိန် (၀၈)နာရီ (၄၁)မိနစ် (၅၃)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက်မိုင်(၂၄၀)ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း(မြန်မာ-အိန္ဒိယနယ်စပ်အနီး ဟုမ္မလင်းမြို့၏ အနောက်မြောက်ဘက်(၂၈)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၅.၂)အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၇ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ မြန်မာစံတော်ချိန် (၀၁)နာရီ (၅၆)မိနစ် (၂၀)စက္ကန့်အချိန်တွင် ကမ္ဘာအေး မြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၃၃)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မြန်မာ့ကမ်းရိုးတန်းအနီး)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။













