၂၂-၉-၂၀၂၆:ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် အနောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့(Kyaukpyu) ၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၆၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam)၏ အရှေ့ဘက် ရေမိုင် ၁၃၀ မိုင်ခန့်နှင့် ဂိုလ်ပါပူမြို့ (Gopalpur)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
Earthquake News
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၃)နာရီ၊ (၁၁)မိနစ်၊ (၃၁)စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင်(၂၀)ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တပ်ကုန်းမြိ့ု၏ အနောက်တောင်ဘက် (၁၂)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၀.၀၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၄ ဒီဂရီ၊ အနက်(၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၁၁)မိနစ်၊ (၃၀)စက္ကန့် အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက်(၃၈)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မြိုင်မြိ့ု၏ အနောက်မြောက်ဘက် (၁၁)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၁.၇၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၇၄ ဒီဂရီ၊ အနက်(၈၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် (၀၂း၄၅)နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၈ ခုနှစ်၊ မတ်လ (၁၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၂)နာရီ၊ (၂၉)မိနစ်၊ (၀၅)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် (၉၈)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖြူးမြို့၏ အနောက်တောင်ဘက် (၂၆) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၈.၂၇) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၆.၁၀) ဒီဂရီ၊ အနက်(၅၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၃) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၂၈)မိနစ်၊ (၂၁)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက်(၄၈)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မော်လိုက်မြိ့ု၏ အရှေ့ဘက် (၁၉)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၃.၆၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၇၀ ဒီဂရီ၊ အနက်(၉၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၀၃)မိနစ်၊ (၄၃)စက္ကန့် အချိန်တွင် နမ့်စန်မြေငလျင်စခန်းမှ အရှေ့မြောက်ဘက်(၃၄)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုင်းယောင်းမြိ့ု၏ အနောက်ဘက် (၉)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၁.၃၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၉၇ ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ မတ်လ (၁၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၄)နာရီ၊ (၃၈)မိနစ်၊ (၄၀)စက္ကန့် အချိန်တွင် ကသာမြေငလျင်စခန်းမှ အရှေ့တောင်ဘက်(၁၃၆)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မူဆယ်မြိ့ု၏ အရှေ့တောင်ဘက် (၄၀)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၃.၆၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၈.၃၉ ဒီဂရီ၊ အနက်(၁၈)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၀၈း၃၀ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၈ ခုနှစ်၊ မတ်လ (၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၀၁)မိနစ်၊ (၃၀)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၂၇)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (တွန်းဇန်မြိ့ု၏ အရှေ့မြောက်ဘက် မိုင်(၃၀) ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၉၂) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၄.၀၂) ဒီဂရီ၊ အနက်(၂၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိ ပါသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၀၃း၀၀ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၈ ခုနှစ်၊ မတ်လ (၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၂)နာရီ၊ (၃၆)မိနစ်၊ (၅၅)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၂၈)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (တန်တလန်မြိ့ု၏ တောင်-အနောက်တောင်ဘက် (၂၆)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၂.၃၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၃၄) ဒီဂရီ၊ အနက်(၂၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။













