၂၂-၉-၂၀၂၆:ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် အနောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့(Kyaukpyu) ၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၆၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam)၏ အရှေ့ဘက် ရေမိုင် ၁၃၀ မိုင်ခန့်နှင့် ဂိုလ်ပါပူမြို့ (Gopalpur)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
Earthquake News
မြေငလျင်သတင်း
၂၀၁၉ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၀)နာရီ၊ (၁၄)မိနစ်၊ (၀၄)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၃၆)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးမြို့၏ အနောက်တောင်ဘက် (၁၁) မိုင်ခန့််အကွာ) မြောက်လတ္တီတွဒ် (၂၃.၀၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၉၂) ဒီဂရီ၊ အနက် (၄၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၃)နာရီ၊ (၄၉)မိနစ်၊ (၀၁)စက္ကန့် အချိန်တွင် တောင်ငူမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၄၅) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖြူးမြို့၏ အနောက်တောင်ဘက် (၂၂) မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၈.၃၁)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၆.၁၅) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်း
၂၀၁၉ ခုနှစ်၊ မတ်လ (၁၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၄၄)မိနစ်၊ (၂၉)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက်ဘက် မိုင် (၃၈၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region) တောင်လတ္တီတွဒ် (၁၁.၉၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၅၅) ဒီဂရီ၊ အနက် (၉၃) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ မတ်လ (၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂)နာရီ၊ (၀၄)မိနစ်၊ (၀၃)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၃၃) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မြစ်ကြီးနားမြို့၏ အရှေ့မြောက်ဘက် မိုင် (၄၀) ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၅.၇၆)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၇.၉၃) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်း
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅)နာရီ၊ (၃၅)မိနစ်၊ (၄၂)စက္ကန့် အချိန်တွင် နေပြည်တော်မြငလျင်စခန်းမှ အရှေ့-အရှေ့တောင်ဘက် (၂၃၂) မိုင်ခန့် ကွာဝေးသော မြန်မာ နိုင်ငံပြည်ပ (ချင်းမိုင်မြို့၏ အရှေ့မြောက်ဘက် (၅၄) မိုင်ခန့်အကွာ၊ ထိုင်းနိုင်ငံ)၊ မြောက်လတ္တီတွဒ် (၁၉.၂၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၆၆) ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.ဝ)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်း
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၅၂)မိနစ်၊ (၅၈)စက္ကန့် အချိန်တွင် ဂွမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မြန်အောင်မြိ့ု၏ အနောက်ဘက် (၂၃)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၈.၂၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၉၇) ဒီဂရီ၊ အနက် (၄၁)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၀၅း၁၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၄)နာရီ၊ (၄၁)မိနစ်၊ (၂၂) စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၅၆)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုးကောင်းမြို့၏ အနောက်ဘက် မိုင် (၂၀) ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၅.၂၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၆၁)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာ စကေး (၄.ဝ) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါ
သည်။
မြေငလျင်သတင်း
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၀၂)မိနစ်၊ (၂၉)စက္ကန့် အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၆၀၇)မိုင်ခန့် ကွာဝေးသော မြန်မာ နိုင်ငံပြည်ပ (Bay of Bengal), မြောက်လတ္တီတွဒ် ၁၄.၆၉ ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် ၈၅.၇၀ ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့် အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။













