၂၂-၉-၂၀၂၆:ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် အနောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့(Kyaukpyu) ၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၆၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam)၏ အရှေ့ဘက် ရေမိုင် ၁၃၀ မိုင်ခန့်နှင့် ဂိုလ်ပါပူမြို့ (Gopalpur)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
Earthquake News
မြေငလျင်သတင်းထုတ်ပြန်ချက်
(မြန်မာစံတော်ချိန် ၀၇ : ၄၅ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၁၉ ခုနှစ်၊ မေလ (၂၂) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၀၉)မိနစ်၊ (၃၆)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၂၉၈) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region) မြောက်လတ္တီတွဒ် (၁၃.၉၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၂.၈၅) ဒီဂရီ၊ အနက် (၁၀၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၆) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
(မြန်မာစံတော်ချိန် ၁၃ : ၄၅ နာရီ အချိန်ထုတ်ပြန်ချက်)
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ မေလ (၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၅၀)မိနစ်၊ (၀၀)စက္ကန့် အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၉၉)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (အမ်းမြို့၏ အရှေ့တောင်ဘက် မိုင်(၂၀)ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၉.၆၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၁) ဒီဂရီ၊ အနက် (၁၀၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ မေလ (၁၈) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၁၅)မိနစ်၊ (၃၈)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၇၁) မိုင် ခန့်ကွာဝေးသော (ဟိုပင်မြို့မှ အနောက်မြောက်ဘက် (၁၅) မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၅.၁၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၄၀) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါ သည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ မေလ (၁၈) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁)နာရီ၊ (၁၆)မိနစ်၊ (၅၇)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၄၅) မိုင် ခန့်ကွာဝေးသော (မြစ်ကြီးနားမြို့မှ အနောက်မြောက်ဘက် မိုင် (၅၀)ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၅.၉၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၉၈) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါ သည်။
မြေငလျင်သတင်း
၂၀၁၉ ခုနှစ် ၊ မေလ (၁၈)ရက်နေ့ မြန်မာစံတော်ချိန် (၀၁)နာရီ (၄၇)မိနစ် (၃၁) စက္ကန့်အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၇၈) မိုင်ခန့် ကွာ ဝေးသော မြန်မာနိုင်ငံပြည်တွင်း (မုံရွာမြို့၏ အနောက်မြောက်ဘက် (၁၄) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၂.၂၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၉၅)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ မေလ (၁၆) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၃၁)မိနစ်၊ (၀၂)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ တောင်- အနောက်တောင်ဘက် (၂၅)မိုင် ခန့်ကွာဝေးသော (Myanmar – India Border Region) မြောက်လတ္တီတွဒ် (၂၃.၈၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၁၇) ဒီဂရီ၊ အနက် (၂၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.ဝ) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်း
၂၀၁၉ ခုနှစ်၊ မေလ (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉)နာရီ၊ (၂၈)မိနစ်၊ (၃၂)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၄၁၂၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (New Britain Region, Papua New Guinea) တောင်လတ္တီတွဒ် (၄.၁၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၁၅၂.၆၇) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၇.၄)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ မေလ (၆) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၀)နာရီ၊ (၄၈)မိနစ်၊ (၃၁)စက္ကန့် အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အနောက်ဘက် (၁၂၅) မိုင် ခန့်ကွာဝေးသော (Bay of Bengal) မြောက်လတ္တီတွဒ် (၁၉.၈၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၀.၉၉) ဒီဂရီ၊ အနက် (၃၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။













