DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၂-၂၀၂၅: ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေ ပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပါသည်။

 

Earthquake News

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၂၂း၁၅ နာရီအချိန် ထုတ်ပြန်ချက်)

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၃)ရက်နေ့ မြန်မာစံတော်ချိန် (၂၁)နာရီ (၅၉)မိနစ် (၁၁)စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၄၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (တာချီလိတ်မြို့၏ အနောက်မြောက်ဘက်(၂၈)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၀.၆၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၉.၅၀ ဒီဂရီ၊ အနက် (၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၁)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာ ရရှိခဲ့ပါသည်။