မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၅း၃၀ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့ မြန်မာစံတော်ချိန် (၁၅)နာရီ (၁၈)မိနစ် (၀၁)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၃၉)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၏ အရှေ့-အရှေ့တောင်ဘက် (၂၃)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။