Wednesday, April 4, 2018 - 22:45
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၂၂း၁၅ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၈ ခုနှစ်၊ ဧပြီလ(၄)ရက်နေ့ မြန်မာစံတော်ချိန် (၂၁)နာရီ (၅၁)မိနစ် (၂၃)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက် (၇၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဟုမ္မလင်းမြို့၏ အရှေ့ဘက်(၂၃)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၄.၈၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၂၉ ဒီဂရီ၊ အနက် (၁၁၈)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်း ငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။