DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၀-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မိုးလယ်ကာလ ယေဘုယျမြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၂၀ ပြည့်နှစ်၊ မိုးလယ်ကာလ ယေဘုယျ မြစ်ရေအခြေအနေခန့်မှန်းချက်

(၂၈.၆.၂၀၂၀ ရက်နေ့ ထုတ်ပြန်သည်)

၂၀၂၀ ပြည့်နှစ်၊ မိုးလယ်ကာလ မြစ်ရေအခြေအနေခန့်မှန်းချက်

            မိုးလယ်ကာလ ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာ မြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၁)ကြိမ် ခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် (၂)ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် (၁)ကြိမ်ခန့်နှင့် မဒေါက်မြို့တွင် (၂)ကြိမ်ခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၂)ကြိမ်ခန့်၊ ပဲခူး မြစ်ရေသည် ပဲခူးမြို့တွင် (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင်(၂)ကြိမ် ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့နှင့် ပုသိမ်မြို့တို့တွင် (၁)ကြိမ်ခန့်စီနှင့် သာပေါင်းမြို့တွင် (၂)ကြိမ်ခန့်၊ ကုလားတန် မြစ်ရေသည် ကျောက်တော်မြို့တွင် (၁)ကြိမ်ခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် (၁)ကြိမ်ခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁)ကြိမ်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၁)ကြိမ်ခန့်၊ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန် ရောက်ရှိနိုင်ပါသည်။